Spread the love

ရန်ကုန်၊ ဧပြီ (၇)

စစ်ကောင်စီလက်အောက်ခံ အမှတ် (၇) အလုပ်ရုံတပ်စုက စစ်သား စိုးပိုင် ကို ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

စိုးပိုင် ဟာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အတွင်းက ကျေးရွာတွေကို မတ်လ (၂၂) ရက် ညနေက ထောက်လှမ်းရေးလာလုပ်ချိန် ရှင်းလင်းခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်နေ့က ညောင်ပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာက ပြည်သူနေ့အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်မခံတော့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီလက်အောက်ခံတွေကို နေ့စဉ် ရှင်းလင်းနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *