ရန်ကုန်၊ ဧပြီ (၇)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာ၊ ရေတံခွန်အနီးက ဖြတ်သန်းသွားတဲ့ စစ်ကောင်စီအဖွဲ့ကို PDF တပ်ဖွဲ့တွေက စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို ဧပြီ (၄) ရက် နေ့လယ်က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ သေဆုံးသူနဲ့ ဒဏ်ရရှိသူတွေ ရှိခဲ့ပါတယ်။