Spread the love

ရန်ကုန်၊ ဧပြီ (၁၂)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ရုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဖြစ်တယ်လို့ ချင်းပြည်နယ် ဟားခါးကာကွယ်ရေးတပ်ဖွဲ့ က ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ်အတွင်းရှိပါတီ၏ ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ယနေ့မှစ၍ ပြည်သူပိုင်အဖြစ်သိမ်းလိုက်သည်။ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း” သူတို့က ပြောပါတယ်။