Spread the love

ရန်ကုန်၊ ဧပြီ (၁၃)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့အထွက်က မကျီးရိုးဂိတ်ကို PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မကျီးရိုးဂိတ် ကို ဧပြီ (၁၁) ရက်နေ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁) က ပြောပါတယ်။

“စခန်းသိမ်းပိုက်ရန် မြေပြင်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက် စခများ စစ်ကူရောက်ရှိလာ၍ ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရပါသည်။ ထို့နောက်ဆက်ကြေးကောက်ရန် လာရောက်သည့် အကြမ်းဖက် စခယာဉ်တန်းကို ဒရုန်းဖြင့်ဝေဟင်မှ တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သွား” ခဲ့တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နေ့စဉ်နီးပါး အပြန်အလှန် တိုက်ခိုက်ချေမှုန်းနေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *