Spread the love

ရန်ကုန်၊ဧပြီ(၁၃)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ (၁)ရပ်ကွက်၊ နယ်မြေ (၈) ရန်တိုင်းအောင်ဆုတောင်းပြည့်ဘုရား စတုဒီသာမဏ္ဍပ်အနီးမှာ ဒီနေ့မနက်(၁၁)နာရီကျော်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး (၆)ယောက်သေ၊ (၃)ယောက်ဒဏ်ရာရရှိခဲ့ပြီး ကား(၉)စီး နဲ့ ဆိုင်ကယ်(၇)စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဗဟိုမဏ္ဍပ်နဲ့ တော်တော်လေးနီးတယ်၊ ရန်တိုင်းအောင်ဘုရားတံခါးနားမှာ ပေါက်တာ၊ အဲ့နားမှာ အစားအသောက်ရောင်းတဲ့ လူတွေထိတယ်၊ ဖြစ်ဖြစ်ချင်းတုန်းက (၆)ယောက်သေတယ်၊ ဆေးရုံမှာ နောက်ထပ်(၃)ယောက် သေတယ် စုစုပေါင်း(၉)ယောက်သေတယ်” လို့ လားရှိုးမြို့ခံတစ်ယောက်က ပြောပါတယ်။

ပေါက်ကွဲတဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးသလို ဘာကြောင့် ပေါက်ကွဲခဲ့သလဲဆိုတာကိုလည်း မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *