Spread the love

ရန်ကုန်၊ ဧပြီ (၂၀)

စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ အရေးပေါ် စီမံခန့်ခွဲမှု ကိစ္စရပ်တွေအတွက် မဟာမိတ်အဖွဲ့အစည်းတွေအနေနဲ့ စနစ်တကျ တိုင်ပင်ဆောင်ရွက်သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“သွေးရူးသွေးတန်းဖြစ်နေတဲ့ စစ်ကောင်စီဟာ ဘာကိုမှ မမြင်နိုင်တော့ဘဲ သူ့မှာရှိတဲ့ တစ်ခုတည်းသော အားကိုးရာ လေကြောင်းကနေ တဆင့်ပဲ အပြစ်မဲ့ ပြည်သူတွေကို အငြှိုးကြီးကြီးနဲ့ ဒီလိုမျိုး လုပ်ရပ်တွေ ထပ်မံမကျူးလွန်ဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ အရေးပေါ် စီမံခန့်ခွဲမှု ကိစ္စရပ်တွေဟာ စနစ်ကျရမှာ ဖြစ်သလို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အားလုံးလည်း သတိထားမိကြမှာ ဖြစ်တဲ့အတိုင်း ဒီနှစ်ထဲမှာဆိုရင် စစ်ကောင်စီရဲ့ ယုတ်မာ ရက်စက်မှုတွေက ပိုပြင်းထန်လာပါတယ်။” လို့ ဧပြီ (၁၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက ပြောပါတယ်။

“စစ်ကောင်စီဟာ သူတို့အနေနဲ့ စစ်ရာဇဝတ်မှုတွေကနေ ထွက်ပေါက်မရှိမယ့် အတူတူ ဒီလိုဆိုးရွားတဲ့ ဖြစ်စဉ်တွေကို ဆက်တိုက် ဖန်တီးပြီး ပြည်သူတွေ တော်လှန်ရေးအပေါ် စိတ်ကုန် လာအောင် ဆောင်ရွက်နေပုံရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လုပ်နိုင်တာထက် ပိုလုပ်ဆောင်ကြရမယ့် အချိန်ပဲ” ဖြစ်တယ်လို့ သူက ထပ်မံ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာက ကလေးသူငယ်တွေအပါအဝင် လူပေါင်း (၁၆၀) ကျော် သေဆုံးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *