Spread the love

ရန်ကုန်၊ ဧပြီ (၂၁)

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာအုပ်စုမှာ တာဝန်ကျ‌နေတဲ့ ရဲတပ်သား ဇေယျာအောင် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းဖို့ လက်နက်ချခိုင်းပေမယ့် ရဲတပ်သား ဇေယျာအောင် ဟာ အသင့်ပါလာတဲ့ G3 သေနတ် နဲ့ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့လို့ လက်ဦးမှု ရယူတဲ့အနေနဲ့ သူ့ကို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ PDF ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဧပြီလ(၁၉)ရက် နေ့လယ်က ရဲတပ်သား ဇေယျာအောင် ကို ကွင်းကြီးကျေးရွာအနီးက နေရာတစ်ခုမှာ သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်သား ဇေယျာအောင် သေဆုံးသွားပြီးနောက် G3သေနတ်(၁)လက်၊ ကျည်ဘောက်(၂) ခု၊ ကျည်(၁၁၉) တောင့်၊ ဖုန်း(၁)လုံး၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်(၁)ခု နဲ့ ဘေးလွယ်အိတ်(၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေကို PDF တပ်ဖွဲ့တွေက နေ့တိုင်း ရှင်းလင်း သုတ်သင်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *