Spread the love

ရန်ကုန်၊ ဧပြီ (၂၁)

တော်လှန်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ မူလရည်ရွယ်ချက် မပျောက်စေဖို့ အထူးသတိထား ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“လုပ်ငန်းများဆောင်ရွက်ရာတွင်ကိုယ်ပိုင်ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ် လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ တော်လှန်ရေးကာလတွင် အချိန်သည် အရေးကြီးသဖြင့် လုပ်ငန်းတာဝန်များကို မလစ်ဟင်းစေဘဲ တတ်နိုင်သရွေ့ လုပ်ဆောင်သွား” ဖို့လိုတယ်လို့ သူက တိုက်တွန်း ပြောကြားပါတယ်။

NUG မနေ့က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မတရားမှု၊ လက်နက်နှင့်အနိုင်ကျင့် ခြိမ်းခြောက်မှု၊ လူ့အခွင့်အရေးဆုံးရှုံးမှု၊ ပြည်သူ့၏ဆန္ဒကို လက်နက်အားကိုးပြီး ဖယ်ရှားခဲ့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်ရင်း တိုင်းရင်းသားအားလုံး၏ အိမ်မက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ရန် လက်တွေ့ကျကျ လုပ်ဆောင်နေကြခြင်း ဖြစ်” တယ်လို့ သူက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနေကြပေမယ့် ကြံ့ကြံ့ခံပြီး စစ်ကောင်စီရဲ့ သွေးထိုးမှု၊ ဝါဒဖြန့်ဝေမှု၊ တော်လှန်‌ရေးအပေါ် စစ်မှန်တဲ့ သဘောထားမရှိသူတွေရဲ့ သပ်လျှိုသွေးခွဲမှုတွေကြားမှာ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းရမယ့် ခရီးပန်းတိုင်ကို အင်အားအပြည့်နဲ့ ချီတက်ကြဖို့ သူက တိုက်တွန်း ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *