Spread the love
ရုပ်သံ- မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)

ရန်ကုန်၊ ဧပြီ (၂၂)

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ နှောကန်ရွာ ရဲစခန်း ကို PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စခန်းသိမ်းရန် လက်နက်ကြီး လက်နက်ငယ်များဖြင့် အချိန်(၁)နာရီကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီခွေးများ၊ အရာရှိ အမျိုးသမီးမိခင်သည် အပါအဝင်အကြမ်းဖက် စခ ရခ (၁၄)ဦး ရှင်းလင်းနိုင်ခဲ့ပြီး ကာကွယ်ရေးရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁) က ပြောပါတယ်။

နှောကန်ရွာ ရဲစခန်း ကို ဧပြီ (၁၅) ရက် ညနေက PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အကြမ်းဖက် တပ်ကူများ ရောက်လာကြောင်း သတင်းအရ စခန်းအတွင်း ဝင်ရောက်သိမ်းပိုက်နိုင်ခြင်း မရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရပါသည်။ ပြန်လည်ဆုတ်ခွာလာသော လမ်းကြောင်းပေါ် တွင် အကြမ်းဖက်တပ်ကူ ကားတစ်စီးနှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက်ခွေး(၃)ကောင် ငရဲသို့ထပ်မံပို့ဆောင်နိုင်ခဲ့သည်။ ကျဆုံး ရဲဘော် ရုပ်အလောင်းအား အကြမ်းဖက်ခွေးကားနှင့်ထပ်မံတိုက်ပွဲဖြစ်ပွားချိန်တွင် ပြန်လည် သယ်ဆောင်နိုင်ခြင်းမရှိပဲ ထားခဲ့ရပါသည်။” လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁) က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *