Spread the love

ရန်ကုန်၊ ဧပြီ (၂၅)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံချိန် မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် အမြင်ချင်းဖလှယ် အပြုသဘောဆောင် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေး အဖွဲ့က ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်း နဲ့အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီးဟောင်း H.E. Mr. KIM Bong-Hyun နဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ တို့ဟာ စစ်ခေါင်းဆောင်နဲ့အဖွဲ့ကို မနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ အဖွဲ့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့အဖွဲ့က မြန်မာနိုင်ငံမှာ လာရောက်တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *