Spread the love

ရန်ကုန်၊ ဧပြီ (၂၅)

စစ်ကောင်စီအဖွဲ့က ဒီနေ့ မနက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ဘက်ကို စစ်ကြောင်းထိုးချိန် ပြည်သူတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယင်းမာပင်ခရိုင်၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း၊ ရွှေလှေတံတားအနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ပြည်သူတစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo- သတင်းမှန်ပြန်ကြားရေးအဖွဲ့

“ညောင်ပင်ကြီးစခန်းဘက်မှ စစ်ကြောင်းထိုးလာသော မအလ အကြမ်းဖက်စစ်အုပ်စုကြောင်းဟာ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပိုင်း ရွှေလှေတံတားအနီးတွင် အပြစ်မဲ့ပြည်သူတစ်ဦးကို ပစ်ခက်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းရှိရပါတယ်ခင်ဗျာ။” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သေနတ်နဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ အမျိုးသားဟာ သေဆုံးသွားပြီး ဖြစ်ပြီး သူကို ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *