Spread the love

ရန်ကုန်၊ ဧပြီ (၂၆)

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နေပြည်တော်မှာ ဘုရားတည်ဆောက်နေပါတယ်။

စစ်ခေါင်းဆောင်ဟာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်အတွင်းမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်နေတာ ဖြစ်ပါတယ်။

” “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် ကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည် အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်” ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က မနေ့က သွားရောက်ချိန်မှာ ပြောကြားခဲ့တာပါ။

Photo- စစ်ကောင်စီပြန်ကြားရေး

အခုချိန်မှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် ထုဆစ်မှုဟာ ၉၅ ရာခိုင် နှုန်း ပြီးစီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီတယ်လို့ ကုလသမဂ္ဂရဲ့ ဧပြီလ (၁၀) ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *