Spread the love

ရန်ကုန်၊ ဧပြီ (၂၉)

ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေကို ရုရှားနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင် ဟာ မနေ့က ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Anatoly Bulochnikov ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု အခြေအနေများ၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံမှုများ တိုးတက်စေရေး အတွက် ရုရှားနိုင်ငံ၌ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးများ တည်ဆောက်လျက်ရှိမှု၊ နှစ်နိုင်ငံ အကြားကူးလူး ဆက်ဆံမှုများ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပညာ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့် ပတ်သက်” ပြီးလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဦးဆောင်တဲ့အဖွဲ့ဟာ နိုင်ငံအတွင်း ပြည်သူတွေ မီးရအောင် ပုံမှန်မပေးနိုင်လို့ မနေ့ မနက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းက နေအိမ်တိုက်ခန်းမှာ မီးပြတ်နေချိန် အပူချိန်လွန်ကဲပြီး မိသားစုဝင်(၄)ယောက် မူးမေ့လဲခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *