Spread the love

ရန်ကုန်၊ဧပြီ(၂၉)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး တရားခံတွေကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။

ဖမ်းဆီးရမိသူတွေဟာ သိန်းရွှေ(၅၃)နှစ်၊ ဦးချို(၆၁)နှစ်၊ ဇော်မင်း(၃၆)နှစ်၊ ယာဉ်ယာဉ်ဝင်း(၃၀)နှစ်တို့ကို ဦးစွာဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့လို့ ပျူခေါင်းဆောင် ဥူးဝါသ၀ နဲ့ စစ်ကောင်စီ သတင်းပေး ဒေါ်နွဲ့ယဉ် တို့ကို အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၁)ရက်နေ့မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ မှာရပ်သားတွေနဲ့ အခြေပြုဖွဲ့စည်းထားတဲ့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသတွင်းကျေးရွာတွေက ရွာသူရွာသားတွေကို ဖိတ်ကြားပြီး ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေချိန် စစ်ကောင်စီ သတင်းပေးတွေက သတင်းပေးပို့ခဲ့တာကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်တွေက Yark-130 တိုက်လေယာဉ်နဲ့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *