Spread the love

ရန်ကုန်၊မေ(၁၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် စစ်သားနဲ့ ပျူစောထီး (၂၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ KLG တပ်မဟာဆီက သိရပါတယ်။

မနေ့(မေ၉)ရက်နေ့ မနက်အစောပိုင်းမှာ KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်း ဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF၊ spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ် ညီနောင်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အကြောင်းကို ဒီနေ့မှာ ရုပ်သံနဲ့ ထုတ်ပြန်အသိပေးခဲ့တာ ဖြစ်ပါတယ်။

မနက်(၄)နာရီဝန်းကျင်အချိန်က စတင်တိုက်ခိုက်ခဲ့ပြီး မနက်(၆)နာရီအချိန်မှာ စခန်းသိမ်းနိုင်တဲ့ အခြေအနေရှိပေမယ့် သလုံးရွာ၊ တည်သီးတောရွာ၊ နှမစားရစ်ရွာ က စစ်သားနဲ့ ပျူစောထီးတွေ စစ်ကူရောက်ရှိလာတာကြောင့် ဆုတ်ခွာ ပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲကြာမြင့်ချိန် (၂)နာရီအတွင်း စစ်သားနဲ့ ပျူစောထီး (၂၀) ထက်မနည်း သေဆုံးခဲ့သလို မဟာမိတ်ညီနောင်တွေဘက်က ရဲဘော်(၄)ယောက် မစိုးရိမ် ဒဏ်ရာရရှိခဲ့တယ်လို့ KLG တပ်မဟာက အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *