Spread the love

ရန်ကုန်၊မေ(၁၂)

အမျိုးသားညီညွတ်‌ရေးအစိုးရ က Federal Wings တပ်ဖွဲ့နဲ့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ မနေ့က(မေ၁၁)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Federal Wings တပ်ဖွဲ့ဟာ တပ်ဖွဲ့စတင်ခွဲ့စည်းတည်ထောင်ပုံ၊ လက်နက်ခဲယမ်းနဲ့ နည်ပညာရယူ ပံ့ပိုးနေရတဲ့အခြေအနေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ကနေ လက်တွဲလုပ်ဆောင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ရတာတွေကို ပြီးခဲ့တဲ့ မတ်လအတွင်း ထုတ်ပြန်အသိပေးပြီးနောက် အခုလို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၆)ရက်နေ့မှာ Federal Wings ကော်မတီ၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင် တို့ အစည်းအဝေးကျင်းပပြီး သဘောတူညီချက် ရရှိခဲ့တာတွေကို မနေ့(မေ၁၁)ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

မြေပြင်တိုက်ခိုက်ရေး Drone အဖွဲ့ဝင်တွေထဲက အင်အားတချို့ကို ထုတ်နုတ်စုစည်းကာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁၈၀၁) ဒရုန်းတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ကွပ်ကဲမှု အဆင့်ဆင့်ခံယူဖို့၊ Federal Wings တပ်ဖွဲ့ ရန်ပုံငွေရရှိရေးနဲ့ ပစ္စည်းရွေးချယ် ဝယ်ယူမယ့်လုပ်ငန်းတွေကို အရင်အတိုင်း ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်တွဲဆောင်ရွက်ဖို့၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ Federal Wings တိုက်ခိုက်ရေး Drone တွေ ထုတ်လုပ် တပ်ဆင်ရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ဘဏ္ဍာငွေကို လုပ်ငန်းစီမံကိန်းတွေအလိုက် ဖြည့်တင်းနိုင်ရေး အားဖြည့်ကူညီသွားဖို့နဲ့ ဘဏ္ဍာရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်သွားဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန MOD က ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ Federal Wings တပ်ဖွဲ့ဟာ KNU နယ်မြေတွေအတွင်းက သက်ဆိုင်ရာ KNU၊ KNLA / KNDO တပ်ရင်းတပ်ဖွဲ့တွေအတူ ပူးတွဲတိုက်ပွဲဝင်နေတာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ သဘောတူညီချက်တွေအရ Federal Wings ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ Chain of Commands နဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းသွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *