Spread the love

ရန်ကုန်၊ မေ (၁၆)

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနဲ့ ဗားကရာလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရဲရုံးအနီးက New Day ဆီဆိုင်ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတချို့ တွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ထမင်းချိုင့်ထည့်တဲ့ အိတ်ထဲမှာ ဗုံးတွေ တွေ့တာ။ မနေ့ ညနေ (၅) နာရီကျော်လောက်က တွေ့တာ။ ကြည့်ရတာ ရည်ရွယ်ချက်ရှိရှိ လာချသွားတာ ဖြစ်မယ်။ ဘယ်သူ လာချသွားတာလဲဆိုတာတော့ မသိဘူး။ ဗုံးတွေ့တဲ့နားက CCTV တွေကိုတော့ စကစတွေ လိုက်စစ်နေတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

New Day ဆီဆိုင်ရှေ့မှာ စစ်ကောင်စီအဖွဲ့တွေ တွေ့ရှိခဲ့တဲ့ ဗုံးတွေဟာ ဘယ်အဖွဲ့အစည်းရဲ့ ဗုံးတွေလဲဆိုတာ မသိရသေးပါဘူး။

စစ်တပ်ရဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကို လက်မခံတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နေရာတွေကို တိုက်ခိုက်၊ ဗုံးခွဲတာတွေ ပြုလုပ်လေ့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *