Spread the love

ရန်ကုန်၊ မေ (၁၇)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက မြေတွေကို ထိန်းညှိပြီး ရေထွက်ပေါက်တွေ စနစ်တကျ ဖောက်လုပ်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ပုဂံမှာ” သစ်ပင်များစိုက်ပျိုးရန် အတွက် မိမိအနေဖြင့် ယခင်ကတည်းက တိုက်တွန်းခဲ့ကြောင်း၊ မြေ Level များကို ထိန်းညှိ နိုင်ခြင်းမရှိသဖြင့် ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်မြေ Level များကို ထိန်းညှိပြီး ရေထွက်ပေါက်များစနစ်တကျ ဖောက်လုပ်ရန်လိုကြောင်း၊ ရှေးဟောင်းဘုရားကြီးများဖြစ်သဖြင့် ထိခိုက်လွယ်ကြောင်း၊ ထို့ကြောင့် တန်ခိုးကြီး ရှေးဟောင်းဘုရားကြီးများ ထိခိုက်မှုမရှိအောင် စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ မဟာရံတံတိုင်းများနှင့် ရင်ပြင်တော်များကိုလည်း ရေဝပ်ခြင်းဖြင့် မထိခိုက်ရန်နှင့် ပြုပြင်ခြင်းများကို Check List များ ပြုစု၍ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း။” သူက ပြောကြားခဲ့ပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင် ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်တာနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မိုးရွာသွန်းမှုများပြားချိန်၌ ဝင်ရောက်ခဲ့သည့် ရေများကို ပြန်လည် စုပ်ထုတ်ချိန်တွင် ရေထုတ်ချိန်၌ အခြားနေရာများထိခိုက်မှုမရှိစေရေး ရေထုတ် သည့် စနစ်ကို စနစ်တကျ တွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံဒေသအတွင်း မြေနှင့်ပတ်သက်၍ Survey ပြုလုပ်ရန်လိုကြောင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေသည် ထိခိုက်ပျက်စီးမှုများ လုံးဝမဖြစ်ပေါ်ရန်လိုကြောင်း၊ ပုဂံဒေသတွင် သစ်ပင် စိုက်ပျိုးမှုနှင့်ပတ်သက်၍ နယ်မြေအတွက် အန္တရာယ်ရှိသည့် အပင်အိုများကို ခုတ်ထွင်ရှင်းလင်းရန် လိုအပ်သကဲ့သို့ အပင်ပျိုများကိုလည်း ထပ်မံစိုက်ပျိုး ရန်လိုကြောင်း” သူက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းက ရှေးဟောင်းဘုရား ၁၅ ဆူ နဲ့ ရှေးဟောင်းအဆောက်အအုံ ၈ ခု ထိခိုက်ခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂ ဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား နဲ့ ရွှေနန်းရင် တောဘုရား တို့မှာ ရေဝင်ရောက်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *