Spread the love

ရန်ကုန်၊ မေ (၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်က အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းကို လက်နက်ကြီးကျရောက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ချောင်းဦးမြို့နယ်၊ အထက်တန်းကျောင်းဝင်းအတွင်းမှာ မေလ (၁၆) ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့လို့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ချောင်းဦးမြို့နယ်၊ အထက်တန်းကျောင်းဝင်းအတွင်း ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ PDF တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုရေးသားတာမျိုးတွေ ရှိနေပါတယ်။

C8 News အနေနဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူအဖွဲ့အစည်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးလည်းဆိုတာ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *