Spread the love

ရန်ကုန်၊ မေ (၁၇)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာ နဲ့ ညောင်ပင်ကုန်းရွာကြားကို စစ်ကောင်စီ ခြေလျင်တပ်အဖွဲ့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က သေဆုံးသူတွေ နဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ “စစ်ကောင်စီတပ်မှ (၈) ဦး ပြင်းထန်ဒဏ်ရာရှိ သေဆုံးမှု (၅) ဦးအထက်ရှိတယ်လို့ မြေပြင် သတင်းပေးဖို့ချက်အရ သိရှိရပါတယ်” တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေဟာ နေ့စဉ်နီးပါး အပြန်အလှန် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *