Spread the love

ရန်ကုန်၊ မေ (၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ အောင်ဆန်းသူရိယကျောင်း၊ လူကူးခုံးကျော်တံတားအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်ဆန်းသူရိယကျောင်းအနီး မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ကို မနေ့ မနက်က တွေ့ရှိခဲ့ပြီးနေက် စစ်ကောင်စီတပ်ဖွဲ့တွေက တစ်ခါထဲ ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနဲ့ ဗားကရာလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရဲရုံးအနီးက New Day ဆီဆိုင်ရှေ့မှာ မေ (၁၅) ရက် မနက်က မပေါက်ကွဲသေးတဲ့ ဗုံးတချို့ တွေ့ရှိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *