Spread the love

ရန်ကုန်၊ မေ (၂၀)

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ ဝါဘသဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ PDF တွေ ဒီနေ့ မနက် (၈) နာရီကျော်က စတင်ကာ ထပ်မံ တိုက်ပွဲဖြစ်နေတယ်လို့ ကျားဖြူစစ်ကြောင်း ၂ က ပြောပါတယ်။

ဝါဘသဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ PDF တွေဟာ မနေ့ နေ့လည်ကလည်း တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

နှစ်ရက်ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲအတွင်း ထိခိုက်၊ သေဆုံးသူ အရေအတွက်ကို အခုချိန်ထိ မသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေဟာ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *