Spread the love

ရန်ကုန်၊ မေ (၂၉)

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်အခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်း၊ မော်စခန်း နဲ့ ကနဲလေးစခန်းတို့ကို မေလ (၂၃) ရက်နေ့က စတင်ကာ တစ်ပြိုင်ထဲ တိုက်ခိုက်ခဲ့လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း “စစ်ကောင်စီတပ်၏ ကနဲလေးစခန်းမှ တပ်ရင်းမှူး (၁) ဦး အပါအဝင် (၉) ဦး သေဆုံးကြောင်း၊ တိုက်ခိုက်ခံရမှုတွင်ပါဝင်သည့် ဝေါ်လေဗျူဟာကုန်းနှင့် မော်ခီးစခန်း တို့တွင် ထိခိုက်မှုများရှိသော်လည်း အထိအခိုက်စာရင်းအား သတင်းအတည်ပြုနိုင်ခြင်းမရှိသေးပါ။” ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တစ်ယောက် တိုက်ပွဲမှာ ဒဏ်ရာရှိခဲ့တယ်လို့ သူတို့က ပြောပြပါတယ်။

“တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအား ထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်များသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အနီးအနားရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်။” တယ်လို့ သူတို့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *