Spread the love

ရန်ကုန်၊ မေ (၃၀)

မုံရွာ-မန္တလေးလမ်းကနေ ဖြတ်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကား (၄) စီး ကို မနေ့ညက တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ခိုက်မှုကို မနေ့ည (၇) နာရီကျော်က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေ ရှိခဲ့တယ်လို့ Black Eagle Defence Force-MMU က ဒီနေ့ မနက်က ပြောပါတယ်။

“မုံရွာမှ စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းများမှ ခွေးကား(၄)စီးပါ ယာဉ်တန်းအား အလ္လကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်း အကြားတွင် ပဒေသာMine(၃)လုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် ယာဉ်တန်းမှ (၂)စီးမြောက်ကားအား ထိမှန်ပြီး သေဆုံးမှုနှင့် ဒဏ်ရာရရှိသူ များပြားနိုင်သည်။” လို့ သူတို့က ပြောပြပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *