ရန်ကုန်၊ မေ (၁၉) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ အောင်ဆန်းသူရိယကျောင်း၊ လူကူးခုံးကျော်တံတားအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

read more

ရန်ကုန်၊မေ(၁၈) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေချိန် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူနေပေမယ့် အရှုံးနဲ့သာ ရင်ဆိုင်နေရတယ်လို့ Cobra တပ်ဖွဲ့က အသိပေးထားပါတယ်။

read more

ရန်ကုန်၊ မေ (၁၇) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာ နဲ့ ညောင်ပင်ကုန်းရွာကြားကို စစ်ကောင်စီ ခြေလျင်တပ်အဖွဲ့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က သေဆုံးသူတွေ နဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မေ (၁၈) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်က အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းကို လက်နက်ကြီးကျရောက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၁၇) ရန်ကုန်တိုင်းဒသေကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းဘူတာနဲ့ ပုဇွန်တောင်ဘူတာကြားမှာ အမျိုးသားတစ်ဦး ရထားတိုက်မိလို့ သေဆုံးခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၁၇) ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် Chinland Defense Force – Kalay Kabaw Gangaw Battalion 3 စခန်းတချို့ ပျက်စီးခဲ့တယ်လို့ သူတို့ရဲ့ ဒီနေ့ ဖော်ပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ မေ (၁၇) ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် ရေလျှံပြီး ကားလမ်းမပေါ် တင်ကျန်ခဲ့တဲ့ ရွှံ့နုံးတွေကို မနေ့ မနက်က PDF-Gangaw(YRPA) ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ(၃)က ရဲဘော်တချို့ လမ်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ မေ (၁၇) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက မြေတွေကို ထိန်းညှိပြီး ရေထွက်ပေါက်တွေ စနစ်တကျ ဖောက်လုပ်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

read more

ရန်ကုန်၊မေ(၁၆) သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့အတွက် ဖြစ်လာတဲ့အချိန်မှာ ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ပြီး သဘာဝဘေးဒဏ်တွေ ခံနိုင်တဲ့ လေကာပင်နဲ့ အုန်းပင်တွေ ပိုပြီးစိုက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။

read more

ရန်ကုန်၊မေ(၁၆) ရခိုက်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုပြုပြီး တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ ကြောင့် ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောပါတယ်။

read more