Spread the love

ရန်ကုန်၊ ဇွန် (၃)

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ စလွယ်ဟွဲ နဲ့ လွယ်လုံရွာ စစ်ကြောင်း၊ ခေါင်းအိ နဲ့ စက်တော်ရွာဘက် စစ်ကြောင်း နဲ့ လတူးဘက် စစ်ကြောင်း စုစုပေါင်းစစ်ကြောင်း (၃) ကြောင်း ကို PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ (၁) ရက်ကနေ မနေ့ကအထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ၊ စစ်ကြောင်းမှူးတွေ အပါအဝင် စုစုပေါင်း(၆၂) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်ရင်း 805 – Nay Pyi Taw PDF ဒီနေ့မှာ ပြောပါတယ်။

“ထိခိုက်ဆုံးရှုံးမှုများသော စစ်ကောင်စီတို့က လူမဆန်သော လုပ်ရပ်ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပစ်ခတ်/ကြဲချ သည်သာမက ဖယ်ခုံ စကခ(၇) နှင့် ၃၃၆ တပ် မှလက်နက်ကြီး ပစ်ကူခဲ့” တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း PDF နဲ့ KNDF ရဲဘော်(၃) ဦး သေဆုံးခဲ့ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူတို့က ပြောပါတယ်။

“ထိုသို့ထိုးစစ်ဆင်လာမှုကို ကျွန်တော်တို့ ဖယ်ခုံ PDF (တပ်ရင်းအမှတ် – ၁၀၀၂) နှင့်အတူ KNDF, PDF-Loikaw, DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF (1001 နှင့် 1007), တပ်ရင်းအမှတ် 1008, 1009, 1003, KRU, NPT-PDF တပ်ရင်းများ နှင့် အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့ စသည့် တော်လှန်ရေးညီအစ်ကိုတပ်များတို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါသည်။” ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *