Spread the love

ရန်ကုန်၊ ဇွန် (၃)

စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ တပ်သား စသိန်းအောင် ဟာ သေနတ်၊ ကျည်အိမ်တွေ၊ ကျည်ဆံတွေနဲ့အတူ PDF-Zoland အဖွဲ့ဆီကို မေလ (၃၁) ရက်နေ့က လာရောက် ခိုလှုံခဲ့တယ်လို့ သူတို့က ဒီနေ့မှာ ပြောပါတယ်။

လာရောက် ခိုလှုံသူဟာ ချင်းပြည်နယ်၊ တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း ၂၆၉ က တပ်သားတစ်ယောက် ဖြစ်ပါတယ်။

တပ်သား စသိန်းအောင် ကို PDF-Zoland အဖွဲ့က မြန်မာငွေကျပ် သိန်း (၅၀) ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

“ယခုအခါ PDF Zoland မှ ဦးစသိန်းအောင် အား Safe zone တစ်နေရာတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။” လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *