Spread the love

ရန်ကုန်၊ ဇွန် (၄)

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ လွိုင်လင်လေးအခြေစိုက် အမှတ်(၅၃၀) ခြေမြန်တပ်ရင်းက လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ တပ်သား (၃) ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မနေ့က ထွက်ပြေးလာတဲ့ တပ်သား (၃) ယောက်ကို NUG လက်အောက်ခံ ဖယ်ခုံအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက “ဖမ်းဆီး ထိန်းသိမ်းထားပြီး လိုအပ်သည်များကို မေးမြန်းစစ်ဆေးလျက် ရှိပါသည်။” လို့ သူတို့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ စစ်သားအရေအတွက်ဟာ (၁၃၀၀၀) လောက်ရှိပြီး စစ်တပ်ကနေ ထွက်ပြေးသူ၊ ဘက်ပြောင်း ခိုလှုံသူအရေအတွက်ဟာလည်း (၈၀၀၀)လောက်ရှိတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *