Spread the love

ရန်ကုန်၊ ဇွန် (၅)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ၊ ကြောင်လည်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ရဲဘော် စိုးမိုးနိုင် သေဆုံးခဲ့တယ်လို့ Danger Force LPDF က ဒီနေ့မှာ ပြောပါတယ်။

“အကြမ်းဖက်စစ်ခွေးများနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့အတွက် အသက်ပေးလှူ၍ ဂုဏ်ရောင်ထွန်ပြောင်စွာ ကျဆုံးသွားသော ရဲဘော် စိုးမိုးနိုင် (ခ) ကလား အား ကျွန်ုပ်တို့ Danger Force LPDF ရဲဘော်များအားလုံးက ဝမ်းနည်းကြေကွဲစွာ ဖြင့် အလေးနီပြုအပ်ပါသည်။” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရဲဘော် စိုးမိုးနိုင် ဟာ ဇွန် (၂) ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“တော်လှန်ရေးလမ်းခုလတ်တွင် ကြွေလွင့်သွားခဲ့ရသော ရဲဘော်များအားလုံးကို အစဉ်အောက်မေ့လျက် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်သွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်။ ရဲဘော် စိုးမိုးနိုင် (ခ) ကလား ငြိမ်းချမ်းစွာ အနားယူပါလော့… ကောင်းရာသုဂတိလားပါစေ ရဲဘော်….။” လို့ သူတို့က ပြောပါတယ်။

Photo- PDF

Leave a Reply

Your email address will not be published. Required fields are marked *