Spread the love

ရန်ကုန်၊ ဇွန် (၅)

အောင်ဇော်ထွန်း နဲ့ ရဲမွန် ကို ပြည်သူတွေအနေနဲ့ တွေ့ရှိပါက ဆက်သွယ်ပေးဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တွေ့ရှိခဲ့ပါက ဖမ်းဆီး ထိန်းသိမ်းထားပေးဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေ၊ ပို့ဆောင်ပေးမယ်ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အလုပ်လုပ်ကိုင်လိုတဲ့ ပြည်သူတွေဆီက တစ်ယောက်ကို (၃၈) သိန်း နှုန်းနဲ့ စုစုပေါင်း ငွေကျပ် သိန်းသုံးထောင်ကျော် လက်ခံယူပြီးနောက် အောင်ဇော်ထွန်း နဲ့ ရဲမွန် တို့နှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သူတို့နှစ်ဦးဟာ “ရန်ကုန်မြို့၊ ဆူးလေနှင့် ဗဟန်းမြို့နယ်တို့တွင် လှုပ်ရှား သွားလာ နေထိုင်၍ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်ရန် ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရ” တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။

အောင်ဇော်ထွန်း ဟာ ပုလဲမြို့နယ်၊ မဲဇရပ်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ရဲမွန် ဟာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။

အောင်ဇော်ထွန်း နဲ့ ရဲမွန် တို့ဟာ ပုလဲမြို့နယ် ပြည်သူတွေဆီက ငွေကြေးလိမ်လည်သွားတယ်ဆိုတာကို C8 News အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *