Spread the love
ရုပ်သံ- ကျားသစ်နက်တပ်မတော်

ရန်ကုန်၊ ဇွန် (၇)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်က ပုလဲမြို့မရဲစခန်းကို (၃) ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့တွေဆီက သိရပါတယ်။

“4.6.2023 ရက်နေ့ နေ့လည် ၁နာရီ ၅၀မိနစ် အချိန်မှ ၅နာရီ ၂၀မိနစ် အချိန်ထိ တစ်ကြိမ်၊ 5.6.2023 ရက် ည ၈ နာရီ မှ ၁၂နာရီ ၃၀ မိနစ်အချိန်ထိ တစ်ကြိမ်၊6.6.2023 ရက်နေ့ နံနက် ၁၁ နာရီ ၃၀မိနစ် မှ ညနေ ၄နာရီ ၁၅မိနစ် ထိ တစ်ကြိမ် သုံးရက်ဆက်တိုက် လ က်နက်ကြီး ၈၀မမ၊ ၆၀မမ၊ ၁၂၀မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့” တယ်လို့ ကျားသစ်နက်တပ်မတော် က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ်တပ်ဖွဲ့တွေက အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

“စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ချင်သော်လည်း ဖြိုခွင်းရေးလက်နက် မရှိခြင်း၊ ကျည်အင်းအား အားနည်းခြင်းတို့ကြောင့် တိုက်ပွဲငယ်များကိုသာ ဖော်ဆောင်နေရ” တယ်လို့ ကျားသစ်နက်တပ်မတော် က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *