Spread the love

ရန်ကုန်၊ ဇွန် (၇)

ပြည်သူတွေကို တန်းတူညီတူဆက်ဆံဖို့ လိုအပ်သလို အသွင်သစ်ဆက်ဆံရေးနဲ့ စည်းရုံးသွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်(တောင်ပိုင်း) ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း က ပြောပါတယ်။

“လူ့အခွင့်အရေးကို နားမလည်သောကြောင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအခြေအနေသို့ ရောက်မလာခဲ့ကြောင်း အတ္တနဲ့ပရကို ခွဲခြားနားလည်ဖို့လိုကြောင်း” သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အေးချမ်းမှ တိုင်းပြည်တိုးတက်မှာဖြစ်ကြောင်း၊ အေးချမ်းအောင် ဝိုင်းဝန်း ကူညီပေးရမည်ဖြစ်ကြောင်း” သူက ပြောပါတယ်။

USDP ပါတီဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပြီး လက်ရှိအချိန်မှာလည်း စစ်တပ်က အာဏာသိမ်းထားတာကို အပြည့်အ၀ ထောက်ခံ အားပေးနေတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *