Spread the love

ရန်ကုန်၊ဇွန်(၇)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်၊ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ တပ်ဖွဲ့ရဲ့ စုဖွဲ့လေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ မြင်ကွင်း ဓါတ်ပုံတွေ ဖြစ်ပါတယ်။

တပ်ရင်း ၅၁၀၁ ဟာ တိုက်ရည် ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာခံမှု အားကောင်းတဲ့ စစ်သည်တော်ကောင်းတွေနဲ့ စုဖွဲ့ထားတာဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းတွေ၊ မွမ်းမံသင်တန်းတွေသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းကိုပါ တက်ရောက်သင်ကြားထားတဲ့ စစ်သည်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်းလည်း ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

“တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်” ဆိုတဲ့အတိုင်း တပ်ရင်း ၅၁၀၁ က ရဲဘော်တွေအနေနဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ သာမက စုဖွဲ့လေ့ကျင့်မှုတွေကိုပါ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး တောတွင်းနဲ့ မြို့ပြစစ်ဆင်ရေးတွေ ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်နိုင်ဖို့ အထူးကြိုးပမ်းနေတယ်လို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *