Spread the love

ရန်ကုန်၊ ဇွန် (၈)

အာဏာသိမ်း စစ်ကောင်စီဟာ “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြုနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။

“တရားမဝင်စစ်တပ်အနေဖြင့်မူ “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်သူများထံ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက်နေ” တာ တွေ့ရတယ်လို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန် (၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုလျော့ချနိုင်ရေး Sendai Framework မှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ အပါအဝင် နေရပ်စွန့်ခွာနေရသူတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ အကူအညီ လိုအပ်နေသူတွေ အားလုံးဆီကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ဘဲ အကူအညီတွေ သာတူညီမျှပေးအပ်ဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေကို သူက တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်တွေကို ပြည်သူတွေက ခံစားနေရပြီး ပြီးခဲ့တဲ့လက တိုင်း နဲ့ ပြည်နယ်တချို့ကို မိုခါ ဝင်ရောက်ခဲ့လို့ ရခိုင်၊ ကချင် နဲ့ ချင်းပြည်နယ်၊ မကွေး၊ မန္တလေး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ပြည်သူတွေဟာ မုန်တိုင်း နောက်ဆက်တွဲအကျိုးဆက်တွေကိုပါ ခံစားနေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *