Spread the love

ရန်ကုန်၊ ဇွန်(၉)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၇) ရက်ကွက်မှာ ရှိတဲ့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ခံရချိန် ဆိုင်ပိုင်ရှင်ဖြစ်သူ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဆိုင်က ပစ္စည်းတွေတော့ မပါသွားဘူး။ ဒါပေမဲ့ ဆိုင်ရှင်ကတော့ သေနတ်မှန်လို့ သေသွားပြီ” လို့ ရပ်ကွက်နေ ပြည်သူတစ်ယောက်က ပြောပါတယ်။

အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေဟာ မနေ့ နေ့လယ်က နီနီလွင်ရွှေဆိုင်ကို ဓားပြတိုက်ချိန် သေနတ်ပစ်ဖောက်ခဲ့လို့ ဆိုင်ရှင်ဖြစ်သူဟာ ဦးဇော်နိုင်ထွန်း သေနတ်ထိမှန်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

နီနီလွင်ရွှေဆိုင် ဓားပြတိုက်ခိုက်ရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာကို C8 News မသိရသေးပေမယ့် ဓားပြတိုက်သူတွေဟာ PDF တွေ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတော့ ဝါဒဖြန့် ရေးသားနေပါတယ်။

မြင်းခြံမြို့မှာရှိတဲ့ ဝိန့်ဆန်းရွှေဆိုင် ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ဓားပြတိုက်ခိုက်ခံရလို့ ငွေကျပ် သိန်းသုံးထောင် နီးပါးတန်ဖိုးရှိတဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ဆုံးရှုံးခဲ့ရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *