Spread the love

ရန်ကုန်၊ ဇွန် (၉)

စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သေနတ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ်၃(တောင်သာ) က ပြောပါတယ်။

“မြို့ပြစစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင် သုံးခရိုင်အတွင်း စခန်းသိမ်း မစ်ရှင်၃ခု အပါအဝင် တိုက်ပွဲပေါင်းများစွာ ဆင်နွဲခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ သေနတ် မောင်းပြန်အစစ်၂၃လက်၊ လက်လုပ်သေနတ် အမြောက်များ သိမ်းဆည်းရမိခဲ့ပြီး ခွေးကောင်ရေများစွာကိုလည်း ရှင်းလင်းနိုင်ခဲ့ပါတယ်။ ကျွန်ပ်တို့ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်၃ဦး မြို့ပြစစ်ဆင်ရေးအတွင်း မြင့်မြတ်စွာ အသတ်ပေးလှူခဲ့ရပါတယ်” လို့ သူတို့က ဇွန် (၇) ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *