ရန်ကုန်၊ ဇွန် (၁၀)
ဒီနေ့ မနက်အစောပိုင်း (၁) နာရီခွဲဝန်းကျင်အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာက လူနေအိမ်ပေါ်ကို အုတ်တံတိုင်းပြိုကျလို့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးသုံးယောက် သေဆုံးခဲ့တယ်လို့ လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ ဆီက သိရပါတယ်။
“မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သို့ မြေထိန်းနံရံအုတ်တံတိုင်း ပြိုကျမှုဖြစ်” ပွားခဲ့တာ ဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။
“သေဆုံးသူ-အမျိုးသမီး(၁)ဦး၊ ကလေးငယ်(၃)ဦးတို့ အား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့၊ ထိုမှတစ်ဆင့် ရင်ခွဲရုံသို့(PR-006/007/008/009)တို့ဖြင့် ပို့ဆောင်ကူညီပေးခဲ့” တယ်လို့ လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ ပြောပြချက်အရ သိရပါတယ်။