ရန်ကုန်၊ ဇွန် (၁၀)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို မနေ့ ညနေ့က PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့သလို သေနတ်အပါအဝင် စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
“BPDF ကျွဲစစ်သည် စစ်ကြောင်းမှ ကျနော်တို့ညီလေး ရဲဘော်ဒိုလာ (ခ) ဝေယံလင်း ညောင်ပင်ကြီးရဲစခန်း စစ်ခန်းသိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရ ခရစ်တော်၌ အေးချမ်းစွာအနားယူပါ ညီလေးရေ” လို့ သူတို့က ပြောပါတယ်။