Spread the love

ရန်ကုန်၊ ဇွန် (၂၂)

ဥရောပသမဂ္ဂ အနေနဲ့ စစ်အုပ်စုရဲ့ စီးပွားရေးတွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုကို အခုထပ်ပိုပြီး တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောပါတယ်။

အာဆီယံဆိုင်ရာ EU သံအမတ်ကြီးနဲ့ မနေ့က တွေ့ဆုံခဲ့ချိန်မှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေ များ ၊ စစ်အုပ်စု အား ပိုမိုထိရောကိသည့် စီးပွါးရေးပိတ်ဆို့ အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ၊ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု အဆုံးသတ်ရေး နှင့် မြန်မာပြည်သူတို့၏ လွှတ်လပ်မှု နှင့်ဒီမိုကရေစီ ဖေါ်ဆောင်ရေး တို့အတွက် ထိရောက်သည့် ပူးပေါင်းရွက်မှု ပြုနိုင်ရေး” တို့နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တယ်လို့ ဒေါ်ဇင်မာအောင် က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက “ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံတွင် တရားဝင် အရပ်သားအုပ်ချုပ်ရေးဖြင့် တည်ငြိမ်ရေးနှင့် ဒီမိုကရေစီတို့ကို ပြန်လည်ထူထောင်ရန် တောင်းဆိုလိုက်သည်။” လို့ အခုနှစ် မတ်လ (၂၇) ရက်နေ့က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *