Spread the love

ရန်ကုန်၊ ဇွန် (၂၆)

မြန်မာပြည်ရဲ့ လက်ရှိမြေပြင် အနေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာ ဇွန် (၂၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရေးရာ မူဝါဒ Conference (Panel Discussion) ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေး ကိစ္စရပ်များ၊ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ၊ တရားဥပဒေရေးရာများ ဆွေးနွေးခဲ့ကြ” တယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။

Women for Myanmar Washington DC အဖွဲ့က အခုတွေ့ဆုံမှုက မြန်မာပြည်သူအတွက် ထိရောက်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *