Spread the love

ရန်ကုန်၊ ဇွန် (၂၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မရဲစခန်း နဲ့ မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေး (ထွေအုပ်) ရုံးကို ဒရုန်းကတစ်ဆင့် တိုက်ခိုက်ခဲ့တယ်လို့ Federal Wings ပြောပါတယ်။

တိုက်ခိုက်မှုကို ဇွန်လ (၂၄) ရက် ညပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး “ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးများပေါ် တိုက်ရိုက်ထိမှန်ခဲ့” တယ်လို့ သူတို့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြင်းမူမြို့မရဲစခန်း နဲ့ မြင်းမူမြို့နယ်ထွေအုပ်ရုံးမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။

မြင်းမူမြို့မရဲစခန်း နဲ့ မြင်းမူမြို့နယ်ထွေအုပ်ရုံး တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *