Spread the love

ရန်ကုန်၊ ဇွန် (၂၆)

စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းကျော်ကျော် နဲ့ အငြိမ်းစား ရဲအုပ်စိုးသက်အောင် တို့ကို သုတ်သင်လိုက်ပြီ ဖြစ်တယ်လို့ ပေါင်းတည် PDF က ပြောပါတယ်။

နယ်ထိန်းကျော်ကျော် နဲ့ အငြိမ်းစား ရဲအုပ်စိုးသက်အောင် ဟာ ဒီနေ့ မနက်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ရဲစခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ဈေအနီးကို အရောက်မှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ပစ်ခတ်ရှင်းလင်းရာ အငြိမ်းစားရဲအုပ်စိုးသက်အောင်မှာ နေရာတွင်ပွဲခြင်းပြီး သေဆုံးသွားပြီး နယ်ထိန်းကျော်ကျော်မှာ အပြင်းအထန် ကျည်ဖောက်ဝင်ဒါဏ်ရာရရှိပြီး ပြည်ဆေးရုံသို့သယ်ဆောင်သွား” တယ်လို့ ပေါင်းတည် PDF က ပြောပါတယ်။

စစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းပြီး နယ်ထိန်းကျော်ကျော် နဲ့ အငြိမ်းစား ရဲအုပ်စိုးသက်အောင် တို့ဟာ ပြည်သူတွေကို စိတ်ဒုက္ခပေးနေတာ ဖြစ်လို့ အခုလို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ သူတို့က ပြောပြပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့တိုင်းနီးပါး ရှင်းလင်းသုတ်သင်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *