Spread the love

ရန်ကုန်၊ ဇွန် (၂၉)

စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးတာတွေကို ဆက်တိုက်လုပ်ဆောင်ဖို့ လွန်စွာအရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“စိုးမိုးထိန်းချုပ်ထားသောဒေသများမှ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပိုမိုစနစ်ကျအောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း နှင့် စစ်အာဏာရှင်ပျက်သုန်းရေးဆိုသည့်ရည်ရွယ်ချက်မှ သွေဖယ်မသွားစေပဲ တော်လှန်ရေးအောင်မြင်ရေးကို အဓိကအာရုံစိုက်ဆောင်ရွက်ပေးကြဖို့” လိုတယ်လို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တော်လှန်ရေး၏အရှိန်အဟုန်မြင့်တက်လာမှုများမှာ လွန်စွာ အားရကျေနပ်စရာကောင်းကြောင်း ၊ ရှေ့တန်းမှအသက်စွန့်တိုက်ပွဲဝင်နေသော ရဲဘော်များအား လွန်စွာ လေးစားဂုဏ်ယူကြောင်း” သူက ပြောပါတယ်။
အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း က မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်တွေကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *