Spread the love

ရန်ကုန်၊ ဇွန် (၂၉)

မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်တွေကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း က ပြောပါတယ်။

“မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုအပြင် နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍပေါင်းစုံ၌ အရှိန်အဟုန်မြှင့် ပူပေါင်းဆောင်ရွက်ရေး” တို့ကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနဲ့ ဇွန်လ (၂၈) ရက်နေ့က တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ- ရုရှား နှစ်နိုင်ငံဟာ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံတွေဖြစ်လို့ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန် အကူအညီပေးဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီကို အကူအညီ အထောက်အပံ့တွေ ပေးနေတဲ့ ရုရှားနိုင်ငံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ NUCC က ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွယ်တယ်လို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *