“သူတို့(စစ်ကောင်စီ)က နိုင်ကိုနိုင်မှာဆိုပြီး သွားနေတာ မဟုတ်ဘူး။ ငါတို့ကို နိုင်ကိုမနိုင်ဘူးဆိုပြီး သွားနေတာ။” လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးထက်မြတ် က ပြောပြပါတယ်။

read more

စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း (၇၀) ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီး (၂၅၀) ကျော် ကို သုတ်သင်နိုင်ခဲ့တဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တပ်ရေးအရာရှိ ကိုဥက္ကာ နဲ့ C8 News မီဒီယာက တွေ့ဆုံ မေးမြန်းထားပါတယ်။

read more

ရန်ကုန်၊ ဇွန် (၁၁) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၊ စစ်ကောင်စီတပ်စခန်းက ထွက်ပြေးလာတဲ့ တပ်သားစောနောင်ထွန်း နဲ့ တပ်သားအောင်မျိုးကျော် တို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၁၀) ဒီနေ့ မနက်အစောပိုင်း (၁) နာရီခွဲဝန်းကျင်အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာက လူနေအိမ်ပေါ်ကို အုတ်တံတိုင်းပြိုကျလို့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးသုံးယောက် သေဆုံးခဲ့တယ်လို့ လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို မနေ့ ညနေ့က PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့သလို သေနတ်အပါအဝင် စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

read more

အသက် (၁၉) နှစ်အရွယ် ကျောင်းသား ကိုဟိန်း ဟာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇွန် (၉) စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သေနတ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ်၃(တောင်သာ) က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန်(၉) မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၇) ရက်ကွက်မှာ ရှိတဲ့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ခံရချိန် ဆိုင်ပိုင်ရှင်ဖြစ်သူ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ဇွန်(၈) ကရင်ပြည်နယ်၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ် နဲ့ လယ်ဒိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ(၅)ခုကို ဇွန်(၆)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်ထဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အယောက်(၄၀)သေပြီး (၁၂)ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၈) အာဏာသိမ်း စစ်ကောင်စီဟာ “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြုနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။

read more