Spread the love

ရန်ကုန်၊ ဇူလိုင် (၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးရဲစခန်းကို (၄၀) မမ ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၂) ယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y က ပြောပါတယ်။

တိုက်ခိုက်မှုကို ပြီးခဲ့တဲ့လ ဇွန်လ (၃၀) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး “စိုင်ပြင်ကြီးရဲစခန်းမှ စခ ၄ယောက်က စခန်းရှေ့ရှိကားလမ်းအား လာရောက်ပိတ်စဉ် နေရာ ၂နေရာခွဲပြီး ၄၀သီးဖြင့် စတင်ပစ်ခတ်ခါ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပါတယ်ဗျ။ လမ်းလာပိတ်သော စခ၄ယောက်ထဲမှ ၂ယောက်ကို နေရာတွင်အသေပစ်နိုင်ခဲ့ပြီး ကျန် ၂ယောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်ဗျ။ နေ့လယ်၁၂နာရီအချိန်လောက်တွင် ထပ်မှန်သေဆုံးတယ်လို့ သိရပါတယ်ဗျ။ စုစုပေါင်း ပွဲ၃ပွဲရရှိခဲ့ပါတယ်ဗျ။ စခ ဒဏ်ရရာအတော်များတယ်လို့ သတင်းပေးလာပါတယ်ဗျ။” လို့ သူတို့က ပြောပြပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ်တစ်လုံးအတွင်းကို လက်နက်ကြီးကျရောက်ခဲ့လို့ ပြည်သူနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *