Spread the love

ရန်ကုန်၊ ဇူလိုင် (၃)

စစ်ကောင်စီနဲ့ ၂၀၂၃ ခုနှစ် ပထမ (၆) လအတွင်း တိုက်ပွဲပေါင်း (၂၈၁) ကြိမ်ဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ Federal Wings ဘက်က ဗုံးသီးအမျိုးစားအစုံ (၆၈၀) လုံး အသုံးပြုခဲ့ရတယ်လို့ သူတို့က ဒီနေ့မှာ ပြောပါတယ်။

(၆) လတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၅၀) ယောက်ထက်မနည်းရှိခဲ့တယ်လို့ မြေပြင်သတင်းတွေရဲ့ အတည်ပြုချက်အရ သူတို့က ပြောပြပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း Federal Wings ဘက်ကလည်း ရဲဘော် (၁) ယောက်သေဆုံးခဲ့ပြီး (၆) ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *