Spread the love

ရန်ကုန်၊ ဇူလိုင် (၄)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆန္ဒကို ထင်ဟပ်စေတဲ့ အနာဂါတ်တစ်ခုအတွက် ကြိုးစားအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးတယ်လို့ အမေရိကန်သံရုံးရဲ့ ယာယီတာဝန်ခံ ဒက်ဘ်လင်း က ပြောပါတယ်။

“မြန်မာပြည်သူတွေကိုလည်း မိမိတို့ အသိမှတ်ပြုပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအပေါ် မြန်မာပြည်သူတွေဟာ ကြီးမားတဲ့ ရဲစွမ်းသတ္တိ၊ ယိမ်းယိုင်မှုမရှိတဲ့ သံန္နိဋ္ဌာန်၊ ဒီမိုကရေစီစနစ်ရဲ့ စွမ်းအားအပေါ် မပြောင်းလဲတဲ့ ယုံကြည်မှုတွေနဲ့ တုန့်ပြန်ခဲ့ကြ” တာကိုတွေ့ရတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်သံရုံး ပြုလုပ်ခဲ့တဲ့ ပွဲမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *