Spread the love

ရန်ကုန်၊ ဇူလိုင် (၄)

တီမောလက်စတေးနိုင်ငံ သမ္မတ ဟိုဆေး ရားမို့စ်ဟော်တာ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ဇင်မာအောင် ဟာ သမ္မတ ဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ ဖိတ်ကြားချက်အရ တီမောလက်စတေးနိုင်ငံ ကို ရောက်ရှိနေတာ ဖြစ်ပြီး အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကိုလည်း တက်ရောက်ခဲ့ပါတယ်။

တီမောလက်စတေးနိုင်ငံ သမ္မတ က ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်လာတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် တို့ကို ထည့်သွင်း နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က တီမောလက်စတေးနိုင်ငံ သမ္မတ ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံတူပန်းချီကား လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *