Spread the love

ရန်ကုန်၊ ဇူလိုင် (၉)

အာဏာသိမ်း စစ်ကောင်စီကို ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအကြံပေးပုဂ္ဂိုလ် မဟာမင်းကြီး Mr.Tom Andrews က ပြောပါတယ်။

“အကြမ်းဖက်စစ်တပ်အား လက်နက်နှင့် ငွေသားထောက်ပံ့မှု၊ ယင်းအကြမ်းဖက်လူသတ်ကောင်တို့အား တရားဝင်အဖြစ် သတ်မှတ်ရန်ကြိုးပမ်းနေမှုများကို ဖယ်ရှားရမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်အား လက်နက်နှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းမှုတွင် ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ်များအား စင်ကာပူနိုင်ငံတွင်စုံစမ်း စစ်ဆေး” နေတယ်လို့ ၅၃ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံ သူက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်နေလို့ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ သူရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံအတွက်အပြုသဘောဆောင်သည့် ခြေလှမ်းများကိုဖော်ဆောင်ရန်အတွက် မိမိအနေနှင့်လည်း အထူးကိုယ်စားလှယ်အဖြစ် ဆက်လက် ပူးပေါင်းဆောင်ရွက်သွား” မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ခေါင်းဆောင်အုပ်စုဆီကို ရေနဲ့ သဘာဝဓာတ်ငွေ့တွေကတစ်ဆင့် စီးဆင်းနေတဲ့ ငွေကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းက စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ဘဏ်တချို့ကို တားမြစ်ပိတ်ပင်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *